
ကျိုင်းတုံ စက်တင်ဘာ-၂၅
ကျိုင်းတုံခရိုင် ရှိ ( ၉/ ၂၀၂၅ ) လအတွက် လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ ( ဒါဘာ )နှင့် ဝန်ထမ်းသက်သာထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ( ၂၅) ရက် ညနေ ( ၄ ) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်းနှင့် ဇနီး ဒေါ်သီတာကြိုင် သည် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ ) ရုံးနှင့် မိုင်းလားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စုစုပေါင်းအင်အား ( ၅၁ ) ဦးတို့နှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးတင်လင်းမှ အဖွင့်အမှာစကား ပြောကြား၍ ( ၉/ ၂၀၂၅ ) လအတွက် လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ ဝန်ထမ်းများအား ဝန်ထမ်းသက်သာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ဝန်ထမ်းတစ်ဦးမှ လက်ခံရယူပြီး လိုအပ်သည်များ ရှင်းလင်းဆွေးနွေးမှာကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး