
ကျိုင်းတုံ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၁၊ ၂၊ ၅)ရပ်ကွက်များရှိ Bill Board များတွင် မဲဆန္ဒရှင်များ မဲစာရင်းလာရောက်ကြည့်ရှုနေမှုကို စက်တင်ဘာလ ၃၀ ရက် နေ့လည် (၁၁) နာရီက ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဌ ဦးတင်လင်း၊ တွဲဖက် အတွင်းရေးမှူး(၂) ဦးကျော်မိုး (ရွေးကောက်ပွဲအရာရှိ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရုံးခွဲ)၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကြပ်မတ်မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး