ကျိုင်းတုံ ဒီဇင်ဘာ-၆
ဒီဇင်ဘာအားကစားလ(ပထမ)ပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲအား ဒီဇင်ဘာလ(၆)ရက် နံနက်(၅)နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်းနှင့်ဇနီး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်စိုးလှိုင်နှင့်တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးနိုးဝေနှင့်ဇနီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ခွဲ/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၁၅၂၀)ဦးခန့် နှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး ကျိုင်းတုံမြို့ကျောက်တိုင်စုရပ်မှ တောင်ကြီးလမ်း၊ ကျိုင်းအင်းလမ်းအတိုင်း နောင်တုံကန်ပတ်လမ်းအတိုင်း မြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ပြီး ၀၅၃၀ အချိန်တွင် မြို့မအားကစားကွင်းသို့ ရောက်ရှိခဲ့ပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂) တို့အား စုပေါင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား ကောက်ညှင်းပေါင်း၊ အကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး