
ကလော စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင် ၊ကလောမြို့ မဟာဓမ္မိကာရာမ သိမ်တောင်ပရိယတ္တိစာသင်တိုက်၌ စက်တင်ဘာလ ၆ ရက် နံနက် ၇ နာရီက ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကလောမြို့ မဟာဓမ္မိကာရာမ သိမ်တောင်ပရိယတ္တိစာသင်တိုက် အတွင်းရှိ ခြုံ၊ နွယ်၊ မြက်ပင်၊ ပေါင်းပင်များခုတ်ထွင်ရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး