
ကလော ဇူလိုင် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ဇူလိုင်လ ၂၅ ရက်နေ့နံနက် ၁၀ နာရီက ရွှေကလောအထွေထွေရောင်း ဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာအသင်းသား ၃၅၀ ဦးစာရင်းရှိပြီ ၁၅၅ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရွှေကလောအထွေထွေရောင်း ဝယ်ရေးသမဝါယမအသင်း(လီမီတက်) သဘာပတိ ဦးမြဆောင် ကအမှာစကားပြောကြားခဲ့သည်။ဆက်လက်၍မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင် နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးခင်ထွန်းတို့က အသင်း၏လုပ် ဆောင်ချက်များနှင့်ပတ်သက်၍အမှာစကားပြောကြားခဲ့သည်။ထို့နောက် တွဲဖက်အတွင်း ရေးမှူး ဦးသန်းထွန်း ကအသင်း၏၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက်အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာဖတ်ကြားခဲ့ပြီးစာရင်းစစ် ဦးမျိုးသိန်း က အသင်းစာရင်းစစ်အစီရင်ခံစာ နှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းကိုဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်၍ သဘာပတိ က အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက်အသင်းအမှုဆောင်အဖွဲ့ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်း တို့အပေါ်အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာပေးခဲ့ပြီး သဘာပတိကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး