
ကလော ဩဂုတ် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့၊မြို့နယ်ခန်းမတွင် တစ်ခါသုံးပလတ်စတစ်အပါအဝင်ပလပ်စတစ်၊စွန့်ပစ်ပစ္စည်းများစည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့်တစ်ခါသုံးပလတ်စတစ်ပစ္စည်းများလျော့ချသုံးစွဲရေးအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၈ ရက် ညနေ ၃ နာရီခွဲက ကလောမြို့၊မြို့နယ်ခန်းမကျင်းပပြုလုပ်ခဲ့ရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်အမျိုးသမီး ရရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းနှင့်မြို့ပေါ်ရပ်ကွက်နေဒေသခံပြည်သူများတက်ရောက်ခဲ့သည်။
ရှေးဦးစွာရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလွင် က တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်နှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ခြင်း၊တစ်ခါသုံးပလတ်စတစ်ပစ္စည်းများလျော့ချသုံးစွဲခြင်းဖြင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ထို့နောက်ပလပ်စတစ် စွန့်ပစ်ပစ္စည်းအန္တရာယ်ဆိုင်ရာVideo Clip ပြသခဲ့ပြီးအခမ်းအနားသို့တက်ရောက်လာကြသည့်ပြည်သူများအားပလတ်စတစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး