ကလော ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့သည်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီး သွားဧည့်သည်များပိုမိုလာရောက် လေ့လာလည်ပတ်နိုင်‌စေရန်၊ပြည်တွင်း၊ပြည်ပခရီး သွားဧည့်သည်များနှင့်မြို့‌နေပြည် သူလူထုများအပန်း‌ဖြေအနားယူနိုင်‌ရေး၊ရာသီဥတုနဲ့လိုက်ဖက်ညီသော အဆင့်မြင့်ပန်းခြံဒေသအထိမ်းအမှတ် နေရာတစ်ခုဖြစ်လာစေရန်ရည်ရွယ်၍မောမြေဦးပန်းခြံ၌ပထမအကြိမ်ပန်းပွဲတော်ကို၂၀၂၆ခုနှစ်ဇန်နဝါရီလ ၁ ရက် နေ့မှ ၁၅ ရက်နေ့အထိ ပန်းပွဲကိုဝင်ကြေးအခမဲ့ဖြင့်ဖွင့်လှစ်ပေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှခရီးသွားဧည့်သည်များလာရောက်လည်ပတ်ကြပြီးစည်ကားများပြားလျက်ရှိကြောင်းသိရသည်။
ကလောမြို့မောမြေဦးပန်းခြံ၊ပန်းပွဲ‌တော်တွင် ပန်းခြံအတွင်းလျှောက်လမ်းများနှင့်အမိုးခုံးများ အလှဆင်ထားခြင်း၊ပန်းအလှဆင်ပညာရှင် များမှ ပန်းအစို/အခြောက်များ အသုံးပြုကာ ပန်းခြံသို့အလည်အပတ် လာသည့် အများပြည်သူများ စိတ်နှလုံးရွှင်လန်းချမ်းမြေ့စေရေးအတွက် ဆောင်ရွက်ထားရှိကြောင်း၊ပန်းခြံအတွင်း မြေယာရှုခင်းနှင့် ပန်းအလှပြကွက်များကို ပန်းအမျိုး အစားများစွာ အသုံးပြုပြီး အနိမ့်ပန်း ၊ အမြင့်ပန်း၊ ကနုတ်ကွက် ၊ မြေကပ် ၊ ပန်းဘောင် စသည်ဖြင့် ပုံဖော်စိုက်ပျိုးပြသထားလျက်ရှိပြီး ဒေစီပန်းခင်း ပြကွက်၊ နှင်းဆီပန်းခင်းပြကွက်၊ ဒေသနှင့်နိုင်ငံခြားမျိုးစိတ် သစ်ခွပြကွက်များ ကိုလည်း အလှပုံဖော်ပြသလျက်ရှိကြောင်း၊ထင်းရှူးပင်များတွင်လည်း သဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမဲ့ သစ်ခွနဲ့အခြားအလှပန်းပင်များ ကိုလည်း ဧည့်ပရိတ်သတ်များ မျက်စိပသာဒ ဖြစ်စေရေး ပန်းပညာရှင်များမှ အလှဆင်ထားကြောင်းတွေ့ရှိရပါသည်။ပန်းပွဲတော်သို့လာရောက်လည်ပတ်ကြသည့်ခရီးသွားပြည်သူများအား ဖျော်ဖြေရေးအစီအစဉ်အနေနဲ့လည်း အများပြည်သူအတွက် ကြည့်ရှု ခံစားနိုင်ရေး ဖွင့်ပွဲနေ့မှစ၍ နေ့စဉ်အဆိုရှင်များ၊ ဖျော်ဖြေရေး အဖွဲ့များမှလည်း အလှည့်ကျဖျော်ဖြေတင်ဆက်ပေးပြီး ပန်းခြံအတွင်း အများပြည်သူများအပန်းဖြေနားနေနိုင်ရေးအတွက် Rest Camp များနှင့် Shop House များ၊‌ စာကြည့်တိုက်၊လေ့ကျင့်ခန်းပြုလုပ်ရန်အားကစားကွင်း၊က‌လေးကစား ကွင်းနှင့်‌ ဒေသထွက်အစားအစာရောင်းချတဲ့ဆိုင်များပါဝင်ပြီးအနယ်အနယ်အရပ်ရပ်မှခရီးသွားဧည့်သည်များမှအလှဓာတ်ပုံရိုက်ကူးသူများ၊ပန်းချစ်သူများနှင့်အပန်းဖြေလည်လာ‌ရောက်လည်ပတ်သူများပြားစည်ကားလျက်ရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့