ကလော ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု တတိယအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂၀)ရက် နံနက် ၅ နာရီခွဲက ကလောနာရီစင် စုရပ်ပြုပြီး မင်းလမ်း- အောင်သပြေလမ်း၊ နတ်စင်လမ်း- ပြည်ထောင်စုလမ်းမကြီး- ရုပ်ရှင်ရုံအဆင်းလမ်း၊ဘူတာလမ်းမှ နာရီစင်(မောမြေဦးပန်းခြံမုဒ်ဦး) လမ်းကြောင်းအတိုင်းစုပေါင်းလမ်းလျှောက် ပွဲဆင်နွှဲခဲ့ကြကြောင်းသိရသည်။
စုပေါင်းလမ်းလျှောက်ပွဲတွင် ကလောခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးမြင့် နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ််ရေးကော်မတီ ဥက္ကဌ ဦးစိုးသိန်းနှင့်အဖွဲ့များဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၊ပြည်သူလူထုများစုပေါင်းလမ်းလျှောက်ခဲ့ပြီး မောမြေဦးပန်းခြံတွင်ကိုယ်လက်လှုပ်ရှားအားကစားသွေးပူလေ့ ကျင့်ခန်းများအား စုပေါင်းပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
ဆက်လက်၍ ကလောမြို့ မောမြေဦးပန်းခြံ၌ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ပထမအကြိမ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မောမြေဦးပန်းခြံမှ တာဝန်ရှိသူထံမှသိရသည်။
ကလောမြို့မောမြေဦးပန်းခြံ ပန်းပွဲတော်တွင် နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များအပါအဝင် ဒေသထွက်ပန်းမျိုး စိတ်များပါဝင်ပြီး သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစားအများအပြားတို့ဖြင့် ပြသသွားမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်တွင် စာအုပ်စာစောင်များအနားယူ ဖတ်ရှုလေ့လာလို့ရပြီး အလှဓာတ်ပုံများရိုက်ကူးရန် နေရာများစွာပါဝင်ကြောင်း၊ အားကစားလေ့ကျင့်ခန်းပြုလုပ်ရန်အား ကစားကွင်းနှင့်ကလေးကစားကွင်းများ၊ ဒေသထွက်အစားအစာများပါဝင်လို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့်ပန်းချစ်သူများအား ကလောမြို့ပန်းပွဲတော်သို့ ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ် အပန်းဖြေ‌လေ့လာနိုင်ကြောင်း ကလောမြို့ မောမြေဦးပန်းခြံတာဝန်ရှိသူထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့