ကလော ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဒီဇင်ဘာလူထုအားက စားလှုပ်ရှားမှုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၆)ရက် နံနက် ၅ နာရီခွဲကစုပေါင်းလမ်းလျှောက် ပွဲဆင်နွှဲခဲ့ကြကြောင်းသိရသည်။
စုပေါင်းလမ်းလျှောက်ပွဲကို စုရပ်ဖြစ်သည့် ကလောနာရီစင် စုရပ်ပြုပြီး မင်းလမ်း- အောင်သပြေလမ်း၊ နတ်စင်လမ်း- ပြည်ထောင်စုလမ်းမကြီး- ရုပ်ရှင်ရုံအဆင်းလမ်း၊ဘူတာလမ်းမှ နာရီစင်(မောမြေဦးပန်းခြံမုဒ်ဦး) လမ်းကြောင်းအတိုင်း ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမြင့် နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ််ရေးအဖွဲ့ ဥက္ကဌ ဦးစိုးသိန်းနှင့်အဖွဲ့များဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများ စုပေါင်းလမ်းလျှောက်ခဲ့ပြီး မောမြေဦးပန်းခြံတွင် ကိုယ်လက်လှုပ်ရှားအားကစားသွေးပူလေ့ကျင့်ခန်းများအား စုပေါင်းပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး