
ကလော ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ဇူလိုင်လ ၂၆ ရက် နံနက် ၉ နာရီက တက်နေဝန်းအထွေထွေရောင်းဝယ် ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာအသင်းသား ၉၂ ဦးစာရင်းရှိပြီ ၈၅ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တက်နေဝန်းအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)သဘာပတိ ဦးမြင့်ဆွေ ကအမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင် နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးခင်ထွန်းတို့က အသင်း၏လုပ် ဆောင်ချက်များနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက်အသင်း၏တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊စာရင်းစစ်အစီရင်ခံစာ နှင့် နှစ်ချုပ်ဘဏ္ဍာရေး စာရင်းရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် သဘာပတိက အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက်အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်း တို့အပေါ်အသင်းသားများ၏ ဆန္ဒသဘောထား ရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
တက်နေဝန်းအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတက်ရောက်သူများအား အသင်းမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး