ကလော ဇန်နဝါရီ-၁
ကလောမြို့ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးသွားဧည့်သည်များပိုမိုလာရောက်လေ့လာလည်ပတ်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့ မောမြေဦးပန်းခြံ၌ ပထမအကြိမ်ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊မြို့မိ၊မြို့ဖနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် နှင့်ပြည်နယ်ဝန်ကြီးများ၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး နှင့်တာဝန် ရှိသူများက ကလောမြို့ ပထမအကြိမ် ပန်းပွဲတော်အား ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကလောမြို့အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ဘင်ခရာ တီးဝိုင်းအဖွဲ့၊ ပန်းပွားအဖွဲ့၊ တိုင်းရင်းသားရိုးရာအကဖွဲ့များမှ “သွေးချင်းတို့ဌာနေ မြန်မာပြည်” (ထာဝရသစ္စာ) သီချင်းဖြင့် ကပြဖျော်ဖြေနေမှုကိုကြည်ရှုအားပေးခဲ့ကြပြီးအမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ပန်းခြံအတွင်းသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
ကလောမြို့ ပထမအကြိမ်ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဝင်ကြေးအခမဲ့အဖြစ်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းတာဝန်ရှိသူထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
