
ကလော ဩဂုတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီခွဲက ကလောမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာလူငယ်စကားဝိုင်းတွင်ကလောမြို့နယ်စီမံခန့်ခွဲနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ ဦးစိုးသိန်း က အဖွင့်အမှာ စကားပြောကြားပြီး ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက လူငယ်များအသိပညာဗဟုသုတများတိုးပွားရရှိနိုင်စေရန်နှင့်အသိပညာများမျှ ဝေပေးနိုင်စေရန်၊လူငယ်များစကားပြောအတက်ပညာကျွမ်းကျင်စွာတက်မြောက်ပြီးလူအများ ရှေ့တွင်ရဲ့ဝံ့စွာစကားပြောဆိုတက်စေရန်နှင့်လူငယ်အချင်းချင်းတစ်ဦးနှင့်တစ်ဦးအသိပညာများဆွေးနွေးတိုင်ပင်ရာမှအတွေ့အကြုံကောင်းများစွာရရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည်ဖြို့ကြွယ်က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အဆိုပါကျောင်း မှ Grade 10 ကျောင်းသား၊ကျောင်းသူများက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်အသီးသီးဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများ က ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့်မေးခွန်းများကို မေးမြန်းခဲ့ရာ ကလောမြို့နယ်စီမံခန့်ခွဲနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်မှူး နိုင်လင်းထွန်းနှင့် ပါဝင်ဆွေးနွေးသူများက အသီးသီးပြန်လည် ဖြေကြားပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါလူငယ်စကားဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ် သမားပပျောက်ရေး ဝိုင်းဝန်းကူညီ စောင့် ရှောက်ပေး အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/သူများတို့က စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး