ကလော ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး၊နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် မဲစာရင်းများကိုအိမ်တိုင်ရာရောက်ကွင်းဆင်း စစ် ဆေး ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိုးမြင့် ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိုးသိန်းတို့ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ရပ်ကွက်၊ကျေးရွာအုပ်စု စာရေးများ၊သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် ဆန္ဒမဲပေးနိုင်မည့် မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကလောမြို့နယ်အနေဖြင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး နှင့် ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ရပ်ကွက် ၂၈ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၆ အုပ်စု၊ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၅၄ အုပ်စု တို့တွင် တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
