
ကလော နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့များသည် နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ရွှေမင်းဖုန်းကျေးရွာ အုပ်စု၊ ရွှေတောကျေးရွာ ကျေးလက်နေ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခိုင်စုစုညိမ်းနှင့် အဖွဲ့ဝင်များ ၊ နန်းတိုင်းကျေးလက်ကျန်းမာရေးဌာနနှင့်ရွှေမင်းဖုန်းကျေးလက်ကျန်းမာရေးဌာနခွဲမှဝန်ထမ်းများက ရွှေမင်းဖုန်းကျေးရွာအုပ်စု ရွှေတောကျေးရွာသို့သွားရောက်၍ကျေးလက်နေ ပြည်သူ(၁၁၃)ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကျန်းမာရေးပညာပေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး