ကလော ဇန်နဝါရီ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ ကလောမြို့နယ်တွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်က ကလောမြို့ မြို့နယ်ခန်းမ ရှေ့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး ကလောခရိုင်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ ရေး‌ကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များကအလေးပြုခဲ့ကြသည်။
ဆက်လက်၍(၇၈)နှစ်မြောက်လွတ်လပ် ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအ နားကို နံနက်(၇)နာရီက မြို့နယ်ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။ထို့နောက်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က ဖတ်ကြားခဲ့သည်။ ယင်းနောက်(၇၈)နှစ်မြောက်လွတ် လပ်ရေးနေ့ အထိမ်းအမှတ်အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံး၊ကဗျာ၊ကျပန်း(ပထမ၊ဒုတိယ၊တတိယ)ဆုရရှိသည့် ကျောင်းသား/သူ များအား ကလောခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲ့‌ ရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များကဆုများအသီးသီး‌ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင်၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိသည်။
ထို့နောက် ကလောမြို့တွင်(၇၈)နှစ်မြောက်လွတ်လပ် ရေးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားကွင်းနှင့်အခြေခံပညာအထက်တန်းကျောင်းများတို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၈ နာရီက အားကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။
(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်းနှင့်မြို့နယ်အားကစားကွင်းတို့တွင် အားကစားပြိုင်ပွဲများကျင်းပနေမှုကို ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီအဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ ကော်မတီဥက္ကဌ နှင့်အဖွဲ့ဝင်များ က ကြည့်ရှုအားပေးခဲ့ပြီး အားကစားပြိုင်ပွဲဆုရကျောင်းသား၊ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။
အားကစားပြိုင်ပွဲများတွင် လွန်ဆွဲ၊မုန့်စား၊ဂုံနီအိတ်စွပ်၊အပ်နဖားတိုး၊အာလူးကောက်၊ထုတ်ဆီးထိုး၊ချောတိုင်တက်၊‌ခေါင်းအုံးရိုက်၊မီတာ၊၅၀ (ကျား/မ)၊မီတာ၁၀၀ (ကျား/မ)နှင့်အခြားကစားနည်းများစွာပါဝင်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့