
ကလော ဇူလိုင် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်တွင်၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇူလိုင်လ(၂၇)ရက် နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ထားကြောင်းသိရသည်။
ကလောမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနများဖြစ်ကြသော အထက(၁) ကလော၊ အထက(၃)အောင်ပန်း၊ အထက(၅)အောင်ပန်း၊ အထက(၈)အောင်ပန်း၊ အထက(၄)ဟဲဟိုး၊ အထက(၆) ဘော်ဆိုင်းနှင့် အထက(၇)အင်းခေါင်းတို့တွင်၊ စာစစ်ဌာန(၇)နေရာတို့ဖြင့် ဖွင့်လှစ်ကျင်းပခဲ့ပြီး ကျောင်းသား/ ကျောင်းသူ (၁၆၈၉)ဦးစာရင်းရှိပြီး (၁၆၄၅)ဝင်ရောက်ဖြေဆိုခဲ့သည့်အနက် (၉၉၃)ဦး အောင်မြင်ခဲ့၍ အောင်ချက်ရာခိုင်နှုန်း (၆၀ ဒသမ ၃၆) ရာခိုင်နှုန်းရှိကြောင်း၊ ကလောမြို့နယ်အတွင်း ဂုဏ်ထူးရ ဦးရေ ၆ ဘာသာဂုဏ်ထူး (၃)ဦး၊ ၅ ဘာသာဂုဏ်ထူး(၅) ဦး၊ ၄ ဘာသာ ဂုဏ်ထူး(၅)ဦး၊ ၃ ဘာသာဂုဏ်ထူး (၁၂)ဦး၊ ၂ ဘာသာဂုဏ်ထူး (၄၉) ဦး၊ ၁ ဘာသာဂုဏ်ထူး (၆၉) ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း၊ဘာသာရပ်အလိုက်ဂုဏ်ထူးရ ဦးရေ (၂၆၆)ဦးရှိကြောင်း၊ကလောမြို့နယ်အတွင်း၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို စာစစ်ဌာန (၇)ခုတွင်လည်း ထုတ်ပြန် ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး