ကလော ဩဂုတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့်ပညာ‌ရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက်(၁၇)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဩဂုတ် လ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီက မြို့နယ်အားကစားကွင်း၌ကျင်းပပြုလုပ်ခဲ့ရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊အလှူရှင်များ၊ဆရာ/မများ၊အုပ်ချုပ်သူ နည်းပြများနှင့်အားကစားသမားများ၊အကအဖွဲ့၊ဘင်ခရာအဖွဲ့များတက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ၊အကအဖွဲ့ဝင်ကျောင်းသား/သူများ၊ဘင်ခရာအဖွဲ့များမှကွင်းအတွင်းနေရာယူခဲ့ပြီးအခမ်းအနားသို့တက်‌ရောက်လာကြသူများနှင့်အားကစားသမားများက ဘင်ခရာအဖွဲ့
ဖြင့်မြန်မာနိုင်ငံတော်အလံကိုအလေးပြု၍ သစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြသည်။ထို့‌နောက်ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီးပြိုင်ပွဲကိုဖွင့်လှစ်‌ ပေးခဲ့သည်။ ဆက်လက်၍ဖျော်ဖြေရေးအစီအစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ အကအဖွဲ့ မှ အာရှမြန်မာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ခြင်း၊အမှတ်(၁)အခြေခံပညာအထက်တန်းမှဘင်ခရာအဖွဲ့ နှင့်အထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်းမှဘင်ခရာအဖွဲ့တို့ကသရုပ်ပြတင်ဆက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့်အလှူရှင်များက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်‌ပေးခဲ့သည်။
ဆက်လက်၍ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ်
က‌လောမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့်ဟဲဟိုး မြို့အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းအသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြရာ ပွဲချိန်အပြီးတွင် အထက(၁)အသင်းက ဟဲဟိုးမြို့အထက-(၄)အသင်းကို (၄-၀) လေးဂိုး – ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြောင်း၊အဆိုပါပြိုင်ပွဲတွင် ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်(၁၆)သင်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းမြို့နယ်အားကစားမှူး ထံမှသိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး