
ကလော ဩဂုတ် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပညာရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို “နိုင်ငံ၏အနာဂတ်နှင့်လူငယ်များ၏တာဝန် “ခေါင်းစဉ်ဖြင့် ဩဂုတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက ကလောမြို့အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(လ-၁)ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာကလောမြို့နယ်အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသား၊ကျောင်းသူ ၂၉ ဦးတို့က “နိုင်ငံ၏အနာဂတ်နှင့်လူငယ်များ၏တာဝန် “ခေါင်းစဉ်ဖြင့်စာစီစာကုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြပြီးဆုချီးမြှင့်ပွဲ”အား ဆက်လက်ကျင်းပခဲ့သည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားတွင်ကလောမြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီ က အမှာစကားပြောကြားခဲ့ပြီး အမှတ်ပေးဒိုင်အဖွဲ့မှ တာဝန်ရှိသူ က အမှတ်ပေးရခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသက်လှိုင်၊ ဒုတိယဆုကို မြို့နယ်ပညာရေးမှူးဒေါ်ခင်နှင်းဆီ၊ တတိယဆုကို ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်နန်းဥမ္မာအုန်း၊ နှစ်သိမ့်ဆုရှိသူ များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(လ-၁ကျောင်းအုပ်ဆရာကြီး ဦးနိုင်ထက်လင်းတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့် ပေးခဲ့သည်။
ထို့နောက်ကျောင်းသား၊ကျောင်းသူများကျောင်းစာအပြင်၊ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ရသ စာအုပ်၊စာစောင်များ ပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီစောင့်ရှောက်ပေး အသိပညာပေးနံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား/သူများတို့က ssစိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး