
ကလော ဇူလိုင် ၂၆
ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်၊ပြင်ပအသိပညာဗဟုသု တများတိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပစ္ဆိမာရုံ ပရဟိတ စာသင်ကျောင်း၌ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီက ၂၀၂၅ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးခွန်အာကာထွန်း က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ လူငယ်ရေးရာနှင့်ပတ်သက်၍ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်စေရေးအတွက် ဗလငါးတန်အကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေဖတ်ရှု လေ့လာခြင်းဖြင့်ရရှိလာမည့်အကျိုး ကျေးဇူးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး