ကလော ဩဂုတ် ၃၀
သစ်တောဂေဟစနစ်များတိုးတက်လာနိုင်ဖို့နဲ့ထိန်းသိမ်းနိုင်ဖို့၊ပတ်ဝန်းကျင်စိမ်း လန်းစိုပြေဖို့နဲ့ရာသီဥတုပြောင်းလဲလာမှုကို ရင်ဆိုင်တုံ့ပြန်နိုင်ရေးအခန်းကဏ္ဍတွေမှာသစ်တောများစိုက်ပျိုးပြုစုထိန်းသိမ်းလာစေဖို့အတွက် ပြည်သူများတက်ကြွစွာပူး ပေါင်းပါဝင်လာစေဖို့ရည်ရွယ်၍ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊လွယ်အံကျေးရွာအုပ်စု၊ကျောက်တန်းကျေးရွာအနီး၊ကလော-ပင်လောင်းသွားကားလမ်း၊ လမ်းမကြီးဘေး(၀.၅)ကီလိုမီတာအနီးတွင် ကလောခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မိုးရာသီလမ်းမိုးရာသီလမ်းဘေးဝဲ/ယာ စိမ်းးလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးမြင့် က သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့‌နောက်စိုက်ပျိုးမည့် ပျိုးပင်များအား ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့်ခရိုင်၊မြို့နယ်ဆင့်ဌာနဆိုင်ရာများအားပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက လမ်းဘေးဝဲ၊ယာစိမ်းလန်းစိုပြေစေရေးအတွက် ထင်းရှူးပင် ၂၆၈ ပင်၊စိန်ပန်းပြာ ၃၁ နှင့်စိန်ပန်းနီ ၃၁ ပင်၊စု‌စုပေါင်း ၃၃၀ ပင်တို့ကို ပျော်ရွှင်စွာတက်ညီလက်ညီစိုက်ပျိုးခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး