ကလော စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများက စက်တင်ဘာ၂၄ရက် နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့်ပင်စင်လစာထုတ်ယူကြသောနိုင်ငံ့ဝန်ထမ်းများ၏အငြိမ်းစားပင်စင်များလာရောက်ထုတ်ယူရာတွင် ပင်ပန်းမှုမရှိစေဘဲ သက်သာလွယ်ကူစွာ ထုတ်ယူနိုင်ရေးကို အစဉ်အလေးထား ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိဘပင်စင်စားကိုယ်တိုင် မထုတ်ယူနိုင်ပါက ကိုယ်စားလှယ်မှတဆင့် ထုတ်ယူနိုင်ပြီး လက်ရှိပင်စင်လစာထုတ်ယူနေသည့် ဘဏ်ခွဲမှ ထုတ်ယူရန်ပိုမိုအဆင်ပြေမည့် မိမိနှစ်သက်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပြောင်းရွေ့ထုတ်ယူနိုင်ကြောင်းသိရသည်။
ထိုသို့ကလောမြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လာရောက်ထုတ်ယူကြသည့် သက်ကြီး၊ရွယ်အို အဖိုး၊အဖွားများအား ကလောမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ ဥက္ကဌ ဒေါ်အေးသက်လှိုင် နှင့်အဖွဲ့ဝင်များက အာဟာရမုန့်နှင့်ကော်ဖီတို့ကို ကျွေးမွေးလှူဒါန်းခဲ့ ကြကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့တွင် တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်၊ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ လျော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ည‌နေ ၂ နာရီခွဲက ကလောမြို့၊ မြို့နယ်ခန်းမကျင်းပ ပြုလုပ်ခဲ့ရာမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်မြို့ပေါ်ရပ်ကွက်/ကျေးရွာနေဒေသခံပြည်သူများတက်ရောက်ခဲ့သည်။
ရှေးဦးစွာရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်မေစန္ဒာမိုး က တစ်ခါသုံး ပလတ်စတစ်အပါအဝင် ပလပ်စတစ်နှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ခြင်း၊ တစ်ခါသုံးပလတ်စတစ် ပစ္စည်းများ လျော့ချသုံးစွဲခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ထို့‌နောက်ပလပ်စတစ် စွန့်ပစ်ပစ္စည်းအန္တရာယ်ဆိုင်ရာVideo Clip ပြသခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူများအား ပလတ်စတစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး