
ကလော ဩဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ဟဲဟိုးမြို့၊ဝါးရုံပင်ကျေးရွာ တောင်သူ ဦးဇင်မြင့်ဇော် ၏လယ်မြေ(၅)ဧကတွင်သြဂုတ်လ ၅ ရက် နံနက် ၉ နာရီခွဲက ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြသပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အောင်ပန်းမြို့အမှတ်(၆၅) စက်မှုလယ်ယာစခန်း မှ မြို့နယ်ဦးစီးဌာနမှူး ဦး ဦးဘဝင်း က ခြောက်တန်းသွားကောက်စိုက်စက်နှင့် စပါးစိုက်ပျိုးခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးမှုပြသာနာများလျော့ချနိုင်မှု၊အချိန်ကုန်သက်သာပြီးစီးမှုမြန်ဆန်သောကြောင့်ရာသီအချိန်မှီ စိုက်ပျိုးပြီးစီးမှု၊မျိုးစပါးကုန်ကျမှုလျော့နည်းခြင်းနှင့်စိုက်ပျိုးစရိတ်သက်သာခြင်း၊စိုက်ပျိုးနည်းစနစ်မှန်ကန်မှုကြောင့် အထွက်နှုန်းပိုမိုတိုးတက်၍ဝင်ငွေများတိုးတက်စေရန်နှင့်တောင်သူများလက်တွေ့ကျကျသိရှိနားလည်ပြီးကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးခြင်းအားတွင်ကျယ်စွာအသုံးပြုနိုင်ရန်ရည်ရွယ်၍ ယခုလိုသရုပ်ပြပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများအား အသိပညာပေးပြောကြားခဲ့ပြီးခြောက်တန်းသွားကောက် စိုက်စက်ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုးခြင်းကိုသရုပ်ပြသခဲ့ရာ တက်ရောက်လာကြသည့်ဒေသခံတောင်သူများကစိတ်ပါဝင်စားစွာကြည့်ရူလေ့လာခဲ့ကြသည်။
အောင်ပန်းမြို့စက်မှုလယ်ယာစခန်းအနေဖြင့်တောင်သူများလုပ်ငန်းအဆင်ပြေစေရေးအတွက် ဌာနနှုန်းထားဖြင့်တစ်ဧကလျှင် (၅၅၀၀၀)နှုန်းဖြင့်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊တောင်သူများအနေဖြင့် ခြောက်တန်းသွားကောက်စိုက်စက်ဖြင့်စိုက်ပျိုးမည်ဆိုပါက အောင်ပန်းမြို့စက်မှုလယ်ယာဦးစီးဌာနသို့လာရောက် ဆက်သွယ်နိုင်ကြောင်းမြို့နယ်ဦးစီးဌာနမှူးထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး