ကလော ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ က ရေချိုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရေချိုကျေးရွာအခြေခံပညာအလယ်တန်းကျောင်း ၊တာဝန်ခံ ဒေါ်စန္ဒာဝင်း က အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဦးစီးအရာရှိ ဦးခွန်အာကာထွန်း နှင့်ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ် တို့က လူငယ်ရေးရာနှင့် ပတ်သက်၍ ကျောင်းသား၊‌ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဗလငါးတန်အကြောင်းနှင့်စာအုပ်၊စာ‌စောင်များအား ကျောင်းအားလပ်ချိန်တွင် ဖတ်ရှု့‌ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးအကြောင်းတို့ကိုအသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်ကျောင်းသား၊ကျောင်းသူများအားကျောင်းစာအပြင်၊ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် ကလေးအလုပ်သမား ပပျောက်ရေးဝိုင်းဝန်းကူညီ စောင့်ရှောက်ပေး အသိပညာပေး နံရံကပ် စာစောင်နှင့် လူကုန်ကူးမှုဆိုင်ရာအကြောင်း အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့