ကလော စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ရက် နံနက် ၇ နာရီမှ စတင်၍ ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ် စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ် ကပ်ထား ကြေညာပေးထားကြောင်းသိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင် ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကပ်ထားကြေ ညာမှုအား ကလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့်အဖွဲ့ဝင်များက နံနက် ၇ နာရီမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအလိုက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကြီးကြပ် ဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ်အနေဖြင့် မြို့ပေါ်(၁၁) ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၉)အုပ်စု၊အောင် ပန်းရပ်ကွက်(၁၂)ရပ်ကွက်နှင့်‌ ကျေးရွာအုပ် စု(၁၀)အုပ်စု၊ဟဲဟိုးရပ်ကွက်(၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၇)စုတို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ မဲရုံပေါင်း (၁၃၄)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး