
ကလော စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးဘိုးဘွားများအား လစဉ်ဒုတိယပတ်နှင့် စတုတ္ထပတ် သောကြာနေ့တိုင်း ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခွဲက ကလောခရိုင် ကျန်းမာရေးဌာနမှတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ကလောခရိုင်ပြည်သူ့ဆေးရုံကြီး ဒုတိယ ခရိုင်ကုသရေးဦးစီးဌာနမှူး ၊ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းသန္တာဖြူ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ကလောခရိုင် သက်ကြီးရွယ်အိုဘိုးဘွားများ ကျန်းမာရေးစောင့် ရှောက်မှုကော်မတီနှင့်ပူးပေါင်း၍ သက်ကြီး ဘိုး၊ဘွား(၁၃၅)ဦးအား ကျန်းမာရေး စောင့် ရှောက်မှုပေးခြင်း၊ဆေးဝါးများထောက်ပံ့ပေးခြင်းများနှင့် အလှူရှင်မှ အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေး ခြင်းများဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းတို့တွင်အပတ် စဉ်စနေနေ့တိုင်း ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ကလောမြို့သမိုင်းဝင်နှီးဘုရားကျောင်းတော်ကြီးပုရဝုဏ် အတွင်း၌ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ကလောတပ်နယ်အရာရှိစစ်သည်များပူးပေါင်း၍စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်တွင် ကလောခရိုင်စံမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ၊မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များဦးဆောင်၍ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲနှင့်ဝန်ထမ်းများ၊ကလောတပ်နယ် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကလောမြို့သမိုင်းဝင်နှီးဘုရား ကျောင်းတော်ကြီး ပုရဝုဏ် အတွင်းရှိ ချုံနွယ်၊မြက်ပင်၊ အမိုက်များ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး